သတင်းများ

ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမတွင် တန်ဖိုးမြှင့်စား​သောက်ကုန် (သီးနှံအ​ခြေခံယို၊​ဖျော်ရည်အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကျင်းပ
Mar 22,2023
စစ်ကိုင်းတိုင်း​ဒေသကြီး​ အစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး​ရေးလုပ်ငန်း​ကော်မတီနှင့် ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီး ဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့်စား​သောက်ကုန်ထုတ်လုပ်မှု နည်းပညာ ပေးသင်တန်းဖွင့်ပွဲကို ယ​မန်နေ့ မွန်းလွဲပိုင်းက​ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဆီဆိုင်မြို့၌ စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ကွင်းဆင်းငှားရမ်းပေး
Mar 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်မျာ
ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား စတုတ္ထကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Mar 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား စတုတ္ထကြိမ်မြောက် (Sinopharm)ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
စစ်ကိုင်းမြို့တွင် ပိုက်ကျော်ခြင်း ဒိုင် သင်တန်းဆင်းပွဲ ကျင်းပ
Mar 22,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ပိုက်ကျော်ခြင်း ဒိုင် သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက ပိုးတန်းရပ်ကွက်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့်ဆွေးနွေးပွဲ (ခရိုင်အဆင့်)သင်တန်းဖွင့်ပွဲကျင်းပ
Mar 22,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲ(ခရိုင်အဆင့်) သင်တန်းကို ယမန်နေ့နံနက်(၉)နာရီအချိန်၌ ကျင်းပသည်။
မြို့သစ်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းနှင့် လျှပ်စစ်အန္ဒရာယ်ကင်းရှင်းရန်အတွက် ပြုပြင်ရေးလုပ်ငန်များဆောင်ရွက်
Mar 22,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဝေရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် လိုင်းတာဝန်ခံမှ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန်နှင့် ဓာတ်အားပြတ်တောက်ခြင်း လျော့နည်းစေရန် Breaker ပြုပြင်တပ်ဆင်ခြင်းနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ သံဃာတော်များနှင့် သီလရှင် အပါး(၂၄၃)ပါး ဝင်ရောက်ဖြေဆို
Mar 22,2023
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏အရင်းမူလဖြစ်သည့် ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန်အတွက် သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးတို့တွင် ၂၀၂၃ ခုနှစ် မတ်လ (၂၁)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့အထိ နေ့စဉ်မွန်းတည့် (၁၂:၀၀)နာရီ အချိန်မှ ညနေ(၄:၀၀)နာရီ အချိန်အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင် မြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်ဝန်းရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း မြန်မာ့ရိုးရာ အစဉ်အလာမပျက် ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူတော် မင်္ဂလာများ ဆင်ယင်ကျင်းပ
Mar 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း မြန်မာ့ရိုးရာ အစဉ်အလာမပျက် ရဟန်းခံ၊ ရှင်ပြု၊ နားသအလှူတော်မင်္ဂလာများ ဆင်ယင်ကျင်းပလျက်ရှိကြောင်း သိရသည်။