မြို့သစ်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းနှင့် လျှပ်စစ်အန္ဒရာယ်ကင်းရှင်းရန်အတွက် ပြုပြင်ရေးလုပ်ငန်များဆောင်ရွက်

မြို့သစ် မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဝေရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် လိုင်းတာဝန်ခံမှ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန်နှင့် ဓာတ်အားပြတ်တောက်ခြင်း လျော့နည်းစေရန် Breaker ပြုပြင်တပ်ဆင်ခြင်းနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ လျှပ်စစ်လိုင်းတာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့က မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် ၄၀၀ ဗို့ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ထရန်စဖော်မာမှဓာတ်အားဖြန့်ဖြူးပေးထားသော Feeder မှ ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေးအတွက် Breaker အသစ်လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းများကို စစ်ဆေးကာပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးခဲ့သည်။ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်အတွင်း လျှပ်စစ်မီးသုံးစွဲသည့် မိဘပြည်သူတို့ လျှပ်စစ်အန္ဒရာယ်ကင်းရှင်းပြီး ဓာတ်အား​ပြတ်တောက်ခြင်းမရှိစေရန်အတွက် လျှပ်စစ်မန်နေ ဂျာနှင့် လိုင်းတာဝန်ခံတို့က နေ့စဥ် ကြပ်မတ်စစ်ဆေးကာ ပြင်/ထိန်းလုပ်ငန်းများကို နေ့စဥ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(IPRD)