ရွှေဘို မတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းကော်မတီနှင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ ပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာ နိုင်ငံခြားမှ တင်သွင်းလာသော လူသုံးကုန်ပစ္စည်းများနေရာတွင် ပြည်တွင်းဖြစ် လူသုံးကုန် များဖြင့် အစားထိုးနိုင်ရန်၊ ဒေသခံပြည်သူများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်ပြီး တစ်ဦးချင်း ဝင်ငွေတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် နည်းပညာပေး၊ သင်တန်းများ ဖွင့်လှစ်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သင်တန်းတက်ရောက်ကြသူများအနေဖြင့် အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချနိုင်သည်အထိ ကျိုးစားသင်ယူကြရန် ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို မတ်(၂၀)ရက်နေ့မှ စတင်ကာ(၂၄)ရက်နေ့ထိ (၅)ရက်ကြာ နည်းပြ(၂)ဦးတို့က စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား/ သူ(၂၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)