ပလောက် မတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား စတုတ္ထကြိမ်မြောက် (Sinopharm)ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီ အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်