မြောက်ဦး မတ် ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ် ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ ပူပြင်း ခြောက်သွေ့သောနွေရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့ပေါ်ရပ်ကွက်များရှိ ရေသန့်စက်ရုံများသို့ သွားရောက်၍ ရေသန့်စံညီစံညွှန်းနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစစ်ဆေးမှုအပေါ် ရှင်းလင်းပြောကြားခြင်း၊ မြို့ပေါ်ရပ်ကွက်များတွင် ရေပြတ်လပ်မှုမရှိစေရေး ရေသည်ကားကြီးသုံးစီးဖြင့် ရေပေးဝေနိုင်စေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တို့ပူးပေါင်း၍ လုပ်ဆောင်ကြစေရန် မီးဘေးအန္တရာယ်လုံခြုံရေး မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ကြရန် စသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်မှလည်း ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး မထိုးနှံဘဲကျန်ရှိနေသော ပြည်သူများထိုးနှံကြရန် သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ နှိုးဆော်ကြရန် တို့ကို ပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများကို မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းလုပ်ဆောင်လျက်ရှိသည်တို့ကို ပြောကြားခဲ့သည်။ ခရိုင်အဆင့်ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များသည်များကို ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)