မချမ်းဘော့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မချမ်းဘော့ မတ် ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နေ့လည် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ဖုန်ကူးခါ့မိုင်က ပြိုင်ပွဲ​ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားရာတွင် “သားတို့သမီးတို့လို ကျောင်းသားလူငယ်များအတွက် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို လေးစားတန်ဖိုးထားတတ်စေရန်၊ နေ့ထူးနေ့မြတ်များအကြောင်းသိရှိပြီး ဗဟုသုတ ပြည့်စုံကြွယ်ဝစေရန် ရည်ရွယ်၍ကျင်းပဆောင်ရွက်ခြင်း ဖြစ်ကြောင်း” ပြောကြားကာ စာစီစာကုံးပြိုင်ပွဲကို “အစဥ်မမေ့ တပ်မတော်နေ့” ခေါင်းစဥ်ဖြင့် မချမ်းဘော့မြို့ ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် ကျောင်းသားကျောင်းသူ ၂၀ ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

မချမ်းဘော့မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးရေးနှင့် စာဖတ်ရှိန်မြင့်မားရေးတို့အတွက် သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ပြပွဲ၊ပြိုင်ပွဲများနှင့်  အုပ်စုလိုက်ကစားရသော ဂိမ်းကစားခြင်းများကိုလည်း အစဥ်သဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)