ဟင်္သာတ မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ပလတ်စတစ်အိတ် လျှော့ချသုံးစွဲရေးနှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေးတို့ အတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတမြို့ မြန်မာ့မီးရထား ဘူတာရုံတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာသို့ ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်း နှင့် ဝန်ထမ်းများမှ မီးရထားဘူတာရုံရှိ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဟင်္သာတဘူတာရုံအတွင်းရှိ ပုသိမ်၊ ကြံခင်း၊ မြန်အောင်ဘက်များသို့ လိုက်ပါစီးနှင်းကြမည့် မီးရထားဖြင့် ခရီးသွားလာကြမည့် လုပ်သားပြည်သူများအား ပလတ်စတစ် အိတ် လျှော့ချသုံးစွဲရေးနှင့် အမှိုက်စနစ်တကျစွန့်ပစ်ရေး လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး လက်ကမ်း စာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)