ငွေဆောင်ကမ်းခြေတွင် သင်္ကြန်အတက်နေ့၌ အနားယူအပန်းဖြေကြသူများဖြင့် စည်ကားမပြတ်ရှိနေ
Apr 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေ၌ ယနေ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့၊ မြန်မာသက္ကရာဇ်၁၃၈၄ခုနှစ်၊ မဟာသင်္ကြန်အတက်နေ့တွင် အနယ်နယ်အရပ်ရပ်လာရောက်အနားယူ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ငွေဆောင်ကမ်းခြေသို့ နှစ်သစ်ကူးရုံးပိတ်ရက်အစဖြစ်သော ဧပြီလ(၈)ရက်နေ့မှစတင်၍ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ တဖွဲဖွဲဝင်ရောက်လျက်ရှိပြီး ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းများရှိ အခန်းများအားလုံးနီးပါး အပန်းဖြေလာရောက်တည်းခိုသူများဖြင့် ပြည့်နှံလျက်ရှိကြောင်း သိရသည်။