ဒဂုံမြောက် ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနစ်၊ မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့ကို ပြည်ထောင်စုလမ်းမကြီးရှိ မြန်မာရိုးရာယဥ်ကျေးမှုမဟာသင်္ကြန် ရေကစားမဏ္ဍပ်တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ အတာရေပက်ဖျန်းရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ရေကစားမဏ္ဍပ်တွင် တေးသီချင်းများ၊ ပညာရေးသမီးပျိုယိမ်းအဖွဲ့များ၊ ခရိုင်ယိမ်းအဖွဲ့များ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စီစဉ်ဆောင်ရွက်ထားပြီး ပြည်သူများအေးချမ်းစွာရေကစားနိုင်ရေး စီမံဆောင်ရွက်ထားကြောင်း သိရသည်။
ယနေ့ မဟာသင်္ကြန်အတက်နေ့တွင်လည်း မြန်မာရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ရေကစားမဏ္ဍပ်၌ ယိမ်းအကအလှများ၊ သင်္ကြန်သီချင်းများဖြင့် ဆက်လက်ကပြဖျော်ဖြေပြီး ရေကစားသူများဖြင့် စည်ကားလျက်ရှိရာ ညနေပိုင်းတွင်လည်း ဖျော်ဖြေရေးအစီအစဉ်များနှင့် သင်္ကြန်ယိမ်းအကများဖြင့် ဆက်လက်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ