ဒေးဒရဲ ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် သင်္ကြန်ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့်စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိကြောင်းသိရပြီး ယနေ့သင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် ရေကစားသူများဖြင့် စည်ကားလျက်ရှိရာ ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့သည်။
မြန်မာ့ရိုးရာယဥ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရေး ကပြဖျော်ဖြေပေးလျက်ရှိသည့် မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာများက ယိမ်းအဖွဲ့များ၊ အခြေခံပညာကျောင်းများက ဖျော်ဖြေရေးအဖွဲ့များနှင့် ခေတ်ပေါ်စတိတ်ရှိုးတေးဂီတအဖွဲ့များအား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်တို့က ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသူများကို အတာရေများဖြင့်ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လာရောက်ဆင်နွှဲကြသော ပြည်သူများကို ဌာနဆိုင်ရာများက သင်္ကြန်ထမင်းစတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း