ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံမိသားစုလမ်းလျှောက်သကြင်္န်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟိုပုံး အတာသကြင်္န်မဏ္ဍပ်တက်သို့ ရောက်ချီးမြှင့် အားပေး

ဟိုပုံး      ဧပြီ    ၁၆ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ တာဝန်ရှိသူများသည် ဧပြီ(၁၆)ရက် သကြင်္န်အတက်နေ့ နံနက် (၉)နာရီက ပအိုဝ်းကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ မိသားစုလမ်းလျှောက်မဟာသကြင်္န်ပါဝင်ဆင်နွှဲပြိး ယိမ်းအကအဖွဲ့များ၊ Dancer အဖွဲ့များ၊ အမေများယိမ်းအဖွဲ့နှင့် အရာရှိဇနီးများယိမ်းအဖွဲ့တို့မှ ကပြဖျော်ဖြေ တင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုဆုငွေများချီးမြှင့်ပေး၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များမှ သကြင်္န်တေးသီချင်းများဖြင့်ဖျော်ဖြေပေးကာ သကြင်္န် အတာရေများပက်ဖျန်းပေးကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး အတာသကြင်္န်မဏ္ဍပ်သို့ တက်ရောက်ချီးမြှင့်ပေးရာ ရှမ်းစာပေယဉ်ကျေးမှု ယိမ်းအကအဖွဲ့၊ ဒေသခံယိမ်းအဖွဲ့များ နိုင်ငံကျော်အဆိုတော်များမှ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်နေမှုကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ပေး၍ သကြင်္န်အတာ ရေများ ပက်ဖျန်းပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကြီးမြို့လွှတ်တော်ရုံးလမ်း ၊ ရှမ်းပြည်နယ် အစိုးရရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်သို့တက်ရောက်ချီးမြှင့်အားပေးရာ နိုင်ငံကျော်အဆိုတော်များတေးသံသာများဖြင့် ဖျော်ဖြေတင်ဆက် နေမှုကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မြန်မာ့ရိုးရာမဟာသကြင်္န်ပွဲတော် တောင်ကြီးမြို့နှင့်အင်းလေးရေပေါ်သကြင်္န်မဏ္ဍပ်တွင် သကြန် အကြတ်၊ အတက်နေ့တွင်လည်း ယိမ်းအကအဖွဲ့များ၊ နိုင်ငံကျော် အဆိုတော်များမှဖျော်ဖြေတင်ဆက်ကြ၍ ဒေသခံပြည်သူများစည်ကားသိုက်မြိုက်အေးချမ်းပျော်ရွှင်စွာပါဝင်ရေကစားဆင်နွှဲကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများတို့မှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)