မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း တိုင်းစစ်ဌာနချုပ်မဏ္ဍပ်၊ ကျိုက်မရောမြို့နယ်မဏ္ဍပ်၊ မော်လမြိုင်မြို့ကမ်းနားလမ်းတစ်လျှောက်တွင် ပျော်ရွှင်စွာ ရေကစားနေမှုများ ကြည့်ရှုအားပေး

မော်လမြိုင်    ဧပြီ    ၁၆

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့၌ တိုင်းစစ်ဌာနချုပ်မဏ္ဍပ်၊ ကျိုက်မရောမြို့နယ်မဏ္ဍပ်၊ မော်လမြိုင်မြို့ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်းတစ်လျှောက် ရေကစားမဏ္ဍပ်များတွင် အများပြည်သူအေးချမ်းပျော်ရွှင်စွာရေကစားနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်  အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ ဗဟိုမဏ္ဍပ်တွင် အကအလှဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးပြီး​ကျိုက်မရောမြို့ဆုတောင်းပြည့်ဘုရားကြီးသို့ သွားရောက်ဖူးမျှော်ကြည်ညိုကာ ဘုရားကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝါရီန္ဒ(သဒ္ဓမ္မဇောတိကဓဇ)အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကန်တော့၍ ဗဟိုမဏ္ဍပ်တွင် ကပြဖျော်ဖြေနေသောယိမ်းအကများကို အားပေးကြည့်ရှုပြီး ဆုတော်ငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မော်လမြိုင်မြိုင်ဗဟိုမဏ္ဍပ်တွင် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနေမှုများ၊ ယိမ်းအကအလှများ၊ ရုပ်ရှင်သရုပ်ဆောင်များ၏ တေးဂီတ ဖျော်ဖြေတင်ဆက်နေမှူများကိုကြည့်ရူအားပေးပြီး ကမ်းနားလမ်းတစ်လျှောက် ရေကစားနေမှုများနှင့် စတုဒိသာများကျွေးမွေးနေမှုများကို ကြည့်ရူအားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)