သတင်းများ

ငွေဆောင်ကမ်းခြေတွင် သင်္ကြန်အတက်နေ့၌ အနားယူအပန်းဖြေကြသူများဖြင့် စည်ကားမပြတ်ရှိနေ
Apr 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေ၌ ယနေ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့၊ မြန်မာသက္ကရာဇ်၁၃၈၄ခုနှစ်၊ မဟာသင်္ကြန်အတက်နေ့တွင် အနယ်နယ်အရပ်ရပ်လာရောက်အနားယူ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ငွေဆောင်ကမ်းခြေသို့ နှစ်သစ်ကူးရုံးပိတ်ရက်အစဖြစ်သော ဧပြီလ(၈)ရက်နေ့မှစတင်၍ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ တဖွဲဖွဲဝင်ရောက်လျက်ရှိပြီး ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းများရှိ အခန်းများအားလုံးနီးပါး အပန်းဖြေလာရောက်တည်းခိုသူများဖြင့် ပြည့်နှံလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း တိုင်းစစ်ဌာနချုပ်မဏ္ဍပ်၊ ကျိုက်မရောမြို့နယ်မဏ္ဍပ်၊ မော်လမြိုင်မြို့ကမ်းနားလမ်းတစ်လျှောက်တွင် ပျော်ရွှင်စွာ ရေကစားနေမှုများ ကြည့်ရှုအားပေး
Apr 16,2023
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့၌ တိုင်းစစ်ဌာနချုပ်မဏ္ဍပ်၊ ကျိုက်မရောမြို့နယ်မဏ္ဍပ်၊ မော်လမြိုင်မြို့ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်းတစ်လျှောက် ရေကစားမဏ္ဍပ်များတွင် အများပြည်သူအေးချမ်းပျော်ရွှင်စွာရေကစားနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်နှစ်သစ်ကူးပွဲတော် ပျော်ရွှင်စွာရေကစား
Apr 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်နှစ်သစ်ကူးပွဲတော်အတွင်း ပြည်သူများ ပျော်ရွှင်စွာ လာရောက်ရေကစားလျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့၊ ဗဟိုမဏ္ဍပ်တွင် ပျော်ရွင်စွာ ရေသဘင်ပွဲတော် ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေး
Apr 16,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ဖြစ်သည့်ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့်ဗဟိုမဏ္ဍပ်တွင်တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ပျော်ရွင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအား ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီအတွင်းရှိ လျောင်းတော်မူမြတ်စွာဘုရားနှင့် ရပ်တော်မူဗုဒရုပ်ပွားတော်တို့အား ဗုဒဘိသေကအနေကဇာတင်လှူခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Apr 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်ပရိ၀ုဏ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသော လျောင်းတော်မူမြတ်စွာဘုရားနှင့် ရပ်တော်မူဗုဒရုပ်ပွားတော်တို့အား ဗုဒဘိသေကအနေကဇာ တင်လှူခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၆)နာရီက ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့(ဗဟို)မဏ္ဍပ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်အတက်‌နေ့ပိတ်ပွဲအခမ်းအနား တက်ရောက်
Apr 16,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ (ဗဟို)မဏ္ဍပ်၌ ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ ပိတ်ပွဲအခမ်းအနား (မနက်ပိုင်းအစီအစဥ်)ကို ယနေ့နံနက်(၈:၀၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မဟာသင်္ကြန်(ဗဟို)မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
လင်းခေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့၌ ပြည်သူများ ပျော်ရွှင်စွာ ရေကစား
Apr 16,2023
၁၃၈၄ခုနှစ်မြန်မာ့ ရိုးရာမဟာသင်္ကြန် အတက်နေ့၌ မြို့နေအများပြည်သူတို့သည် အေးချမ်းစွာဖြင့်ရေပက်ကစား၊ ဘုရားသွားကျောင်းတက်၊ သီလဥပုသ်ဆောက်တည်၊ ဒါနကုသိုလ်ပြုခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့တွင် ပြည်သူများရေကစားခြင်းဖြင့် စည်းကားလျက်ရှိ
Apr 16,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ယနေ့နံနက် ၈ နာရီမှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဥက္ကလာသီရိပန်းခြံရှေ့အတာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပရာ ရေကစားသူများ၊ ရေပတ်ခံထွက်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။