မြောင်းမြ ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ (ဗဟို)မဏ္ဍပ်၌ ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ ပိတ်ပွဲအခမ်းအနား (မနက်ပိုင်းအစီအစဥ်)ကို ယနေ့နံနက်(၈:၀၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မဟာသင်္ကြန်(ဗဟို)မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မဟာ သင်္ကြန်ပွဲတော်(အတက်နေ့) ပိတ်ပွဲအခမ်းအနား(မနက်ပိုင်းအစီအစဉ်)ကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက တက်ရောက်ခဲ့ကြသည်။
အဆိုပါ မဟာသင်္ကြန်(အတက်နေ့) ပိတ်ပွဲ(မနက်ပိုင်းအစီအစဥ်)အခမ်းအနားတွင် ဗဟိုမဏ္ဍပ်ဖျော်ဖြေရေးယိမ်းအဖွဲ့များအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးက ဆုတော်ငွေ(၁၀)သိန်းကျပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီးတို့ကဆုတော်ငွေ (၃) သိန်းကျပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတက်နေ့ပိတ်ပွဲ (မနက်ပိုင်းအစီအစဉ်)ကို ယိမ်းအကများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒီသာအလှူများ၊ လမ်းလျောက်သင်္ကြန်များဖြင့် စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)