မြောက်ဥက္ကလာပ ဧပြီ ၁၆
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ယနေ့နံနက် ၈ နာရီမှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဥက္ကလာသီရိပန်းခြံရှေ့အတာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပရာ ရေကစားသူများ၊ ရေပတ်ခံထွက်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
အဆိုပါမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကများဖြင့်ဖျော်ဖြေခြင်း၊ တေးဂီတများဖြင့် ဖျော်ဖြေခြင်း ရေကစားခြင်းများကို ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများက ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ညနေ ၃ နာရီတွင် မဏ္ဍပ်ပိတ်ပွဲကို ကျင်းပမည်ဖြစ်ရာ မြို့နယ်စည်ပင်၊ မြို့နယ်ပြန်/ဆက်၊ တိုင်းရင်းဆေး၊ လမ်းတံတားဌာနတို့ပူးပေါင်း၍ ပြည်သူများအား စတုဒိသာအလှူအဖြစ် မုန့်လုံးရေပေါ်များကျွေးမွေးဧည့်ခံသွားမည်ဖြစ်ပြီး သမိုင်းဝင်ဆုတောင်းပြည့် မယ်လမုစေတီတော်တွင်လည်း ဘုရားဖူးသူများ၊ ဥပုတ်သီလစောင့်တည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)