တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့၊ ဗဟိုမဏ္ဍပ်တွင် ပျော်ရွင်စွာ ရေသဘင်ပွဲတော် ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေး

ထားဝယ် ဧပြီ  ၁၆

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ဖြစ်သည့်ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့်ဗဟိုမဏ္ဍပ်တွင်တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ပျော်ရွင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအား ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယိမ်းအကလှပျိုဖြူများနှင့် သင်္ကြန်ယိမ်းအက အဖွဲ့များ၏ကပြ သီဆိုဖျော်ဖြေနေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများနှင့် စတိတ်ရှိုး ကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေနေမှုများကို ကြည်ရှုအားပေးပြီး ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့ များအား သပြေခက်ဖြင့်အတာရေဖျန်းပက်ပေးကာ ယိမ်းအကအဖွဲ့များ အားဂုဏ်ပြုဆုငွေများချီးမြှင့် ပေးအပ်ခဲ့သည်။

ဆက်လက်၍တာဝန်ရှိသူများက မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်တွင် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးနေမှုများအား ကြည့်ရှုအားပေးပြီး ထားဝယ်တပ်နယ်များနှင့် ဌာနဆိုင်ရာရေကစားမဏ္ဍပ် များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုး ကဏ္ဍများ၏ဧည့်ခံဖျော်ဖြေနေမှုများနှင့် ရေကစားမဏ္ဍပ် များဖြင့်အေးချမ်းပျော်ရွှင်စွာရေကစားလျက်ရှိရာ ဒေသအတွင်းမှ လာရောက်ပါဝင်ဆင်နွှဲသူများကို အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့်ဧည့်ခံကျွေးမွေး လျက်ရှိသည်။

ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၊ ထားဝယ်တပ်နယ်များနှင့် ဌာနဆိုင်ရာရေကစား မဏ္ဍပ်များ၌ယမန်နေ့ ညနေဘက်များတွင် ဒေသအတွင်းမှဒေသခံပြည်သူများက စည်ကားသိုက်မြိုက်စွာ ဖြင့်လာရောက်ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)