ဖြူး-အုတ်ဖြတ်-မုန်းလမ်းမပေါ်ရှိ ကတ္တရာလမ်းနှင့် သံကူကွန်ကရစ်တံတားတိုးချဲ့ခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီး

ဖြူး ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သော ဖြူး-အုတ်ဖြတ်- မုန်းလမ်းမပေါ်ရှိ မိုင်တိုင် (၁၃/၀)မှ မိုင်တိုင်(၁၃/၃)အတွင်း ကတ္တရာလမ်းနှင့်သံကူကွန်ကရစ်တံတားတိုးချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးသွားသောကြောင့် လမ်းပန်းဆက်သွယ်ရေးအတွက် ပိုမိုအဆင်ပြေလာကြောင်း သိရသည်။

အဆိုပါလမ်းအပိုင်းအား (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းလုပ်ငန်း ခွင့်ပြုရန်ပုံငွေ(၁၁၁.၀)သန်းဖြင့် လမ်းအရှည်(၂.၅)ဖာလုံ၊ လမ်းအကျယ်(၁၈)ပေရှိ ကတ္တရာလမ်းချဲ့ခြင်းနှင့် အဆိုပါလမ်းအပိုင်းတွင် အရှည်(၂၀)ပေရှိ  သံကူကွန်ကရစ်တံတားအား တစ်ဖက်လျှင်(၁၀)ပေစီ တိုးချဲ့တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဧပြီလပထမအပတ်အတွင်း ပြီးစီးခဲ့ကြောင်း ဖြူးမြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)