တောင်ငူမြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ငူ မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌  ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ဖျော်ဖြေရေးယိမ်းအဖွဲ့ စီမံရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးယိမ်းအဖွဲ့ စီမံရေးဆပ်ကော်မတီဝင်များက ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြသည်။ ထို့နောက်ဆပ်ကော်မတီဝင်များက သင်္ကြန်ယိမ်းအဖွဲ့များ၏ ဖျော်ဖြေမည့်နေ့ရက်များကို မဲဖောက်ရွေးချယ်ကြပြီး တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကပြဖျော်ဖြေကြမည့် သင်္ကြန်ယိမ်းအဖွဲ့(၁၀)ဖွဲ့ကို ယိမ်းအဖွဲ့ (၁)ဖွဲ့လျှင် ကျပ်(၂၀၀၀၀၀/-) တိတိ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)