တွံတေး ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ရေရရှိရေး ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၂-၂၀၁၃ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ရေရရှိရေး ဆောင်ရွက်ပြီးစီးခဲ့သော ဌက်ပျော့စမ်း ကျေးရွာအုပ်စု၊ ရွာသစ်ကလေးကျေးရွာ၊ ပြသတိုက်ကျေးရွာအုပ်စု၊ ပြဿတိုက်ကျေးရွာ၊ ကျောင်းစုကျေးရွာ၊ သမ္ဗာန်ဆိပ်(ကုန်း)ကျေးရွာ၊ သမ္ဗာန်ဆိပ်(ရေ)ကျေးရွာများသို့ ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစေရေးသန့်ရှင်းသော ရေရရှိရေးအတွက်ဆောင်ရွက်ခဲ့သော လုပ်ငန်းများ၏လုပ်ငန်း အခြေအနေများ ကောင်းမွန်မှု ရှိ/ မရှိ ရေထုတ်နိုင်မှု ရေသန့်ရှင်းမှု ရှိ၊မရှိ ကျေးရွာပြည်သူများ ရေကိုအကျိုးရှိစွာ အသုံးချတတ်စေရေးအား ကျေးရွာများအရောက် ကွင်းဆင်းကြည့်ရှု့စစ်ဆေးကြရာ ကျေးရွာကော်မတီများက လိုက်လံရှင်းလင်းပြသကြကြောင်း သိရသည်။
ထို့နောက်တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးပြည့်စုံမောင်မောင်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးသား