သင်္ဃန်းကျွန်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိ

သင်္ဃန်းကျွန်း ဧပြီ  ၆

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်  ၅.၄.၂၀၂၃ ရက်နေ့၊ နံနက်ပိုင်းမှစ၍ မြို့နယ်ထွေ/အုပ်ရုံးရှေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၏ Royal Thingyan ရေကစား မဏ္ဍပ်အား စတင်ဆောက်လုပ်ခြင်း၊ ရေကစားရန်အတွက် ရေစုကန် တူးဖော်ခြင်း၊ အန္တရာယ်ရှိနိုင်သည့်လျှပ်စစ်မီးကြိုးများမြှင့်တင်ခြင်း၊ Wifi ကြိုးများရှင်းလင်းခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရသည်။

 အဆိုပါမဏ္ဍပ်‌ ဆောက်လုပ်ခြင်းအားသင်္ဃန်းကျွန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး  မြန်မာတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ပြည်သူများ ပျော်ရွှင်စွာနှင့် စိတ်အေးချမ်းစွာ ရေကစားနိုင်ရေး အတွက် သင်္ဃန်းကျွန်းမြို့နယ်တွင် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးအကမဏ္ဍပ်များ၊ စတုဒိသာ မဏ္ဍပ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းလျောက်သင်္ကြန်ကိုလည်း စည်စည်ကားကား ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဘုန်း(ပြန်/ဆက်)