ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Youth Club ဖွဲ့စည်းခြင်းအခမ်းအနားပြုလုပ်

ဆင်ပေါင်ဝဲ ဧပြီ ၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က Youth Club ဖွဲ့စည်းခြင်း အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာအရှိ ဦးနိုင်လင်းက Youth Club ဖွဲ့စည်းခြင်းဖြင့် စာဖတ်သူများမကြာခဏတွေ့ဆုံကြခြင်းဖြင့် အချင်းချင်းရင်းနှီးမှုရရှိစေရန်၊ စာပေအသိအမြင်များ အပြန် အလှန်နှီးနှောဖလှယ်ပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် Youth Club အသင်းဖွဲ့စည်းရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး Youth Club ဖွဲ့စည်းခြင်းကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အသီးသီးဖွဲ့စည်းခဲ့ပြီး တက်ရောက်လာသူများက ပြန်လည်အကြံပြု မေးမြန်းဆွေးနွေးခဲ့ကြကာ လစဥ်စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ စသည့်အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)