သတင်းများ

လယ်‌ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-9 နှင့် Grade-5 နှစ်ဆုံး‌တတ်‌မြောက်မှုစာမေးပွဲများ စတင်ဖြေဆို
Mar 04,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် Grade-9 နှင့် Grade-5 ကျောင်းသား/ကျောင်းသူတို့အား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယမန်နေ့နံနက် ၉ နာရီက စတင်ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါး ၃၀၃ ဧကအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ သွင်းအားစုဖိုးလိုငွေများ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်
Mar 04,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါး ၃၀၃ ဧကအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ သွင်းအားစုဖိုးလိုငွေများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ကလိန်အောင်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade- 5 နှင့် Grade- 9ကျောင်းသား၊ ကျောင်းသူများနှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Mar 04,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် (Grade- 5)နှင့် (Grade- 9)နှစ်ဆုံး စာမေးပွဲ မြန်မာစာဘာသာရပ်ကို  ယမန်နေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲဖြေဆို
Mar 04,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade (5) နှင့် အလယ်တန်းအဆင့် Grade (9) များအတွက် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင်မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုခဲ့ကြသည်။
လယ်ဝေးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ဆက်လက်ထုတ်ပေး
Mar 04,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၇ ရက်မှစတင် ထုတ်ပေးလျက်ရှိသည်။
သာကေတမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ပြည်သူ့စစ်မှုထမ်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး
Mar 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၄/​ တောင်ရပ်ကွက်၊​​ မြို့မလမ်းရှိ၊ သာသနဝေပုလ္လဓမ္မာရုံ၌ မတ်လ ၂ ရက်နေ့ နေ့လယ် ၂ နာရီအချိန်၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူဦးဆောင်၍ပြည်သူ့စစ်မှုထမ်းဆိုင်ရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
တနင်္သာရီမြို့နယ်၌ Grade-5+Grade-9 ကျောင်းသူ၊ ကျောင်းသားများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲ(ပထမ)နေ့ မြန်မာစာဘာသာ စတင်ဖြေဆို
Mar 04,2025
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ Grade-5+Grade-9  ကျောင်းသူ၊ ကျောင်းသားများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တိုင်း/ခရိုင်အဆင့် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ ၉ နာရီအချိန်က သက်ဆိုင်ရာအခြေခံပညာကျောင်းစာစစ်ဌာနများ၌ ပထမနေ့မြန်မာစာဘာသာကို အေးချမ်းစွာလာရောက် ဖြေဆိုခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ Grade-5 နှင့် Grade-9 စာမေးပွဲများစတင်ဖြေဆို
Mar 04,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အခြေခံပညာဆင့် မူလတန်း Grade-5 နှင့် အလယ်တန်း Grade-9 စာမေးပွဲများအား ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ အခြေခံပညာကျောင်းများ၌ စတင်ဖြေဆိုနေကြသည်။