မြောင်းမြ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျေးလက်လမ်းများဆောင်ရွက်နေမှုအား တာဝန်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် Sp & Son Co:Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်-ပွဲညှက်စမ်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းနှင့် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် စည်သူကျော်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် သမင်ခြံ-အစုကြီးလမ်း မြေသားလမ်းခင်းခြင်းလုပ်ငန်းတို့အား မြောင်းမြခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးစီးအရာရှိ (မြို့ပြ)နှင့် DRRD QC တာဝန်ခံတို့က လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)