ပြည်မြို့နယ် မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရဖြည့်အစားအစာများ၊ ဆေးဝါးများနှင့် ထောက်ပံ့ငွေများ ပေးအပ်

ပြည် ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်စိုးစိုးသက်နှင့် ဥက္ကဋ္ဌ ဒေါ်စန္ဒာထွေးတို့သည် တိုင်း/ခရိုင်/မြို့နယ်အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကျန်းမာရေးဝန်ထမ်းသားဖွားဆရာမများကို တွေ့ဆုံအားပေးစကားပြောကြားကာ အာဟာရဖြည့်အစားအစာများ၊ ဆေးဝါးများနှင့် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဦးစွာ အဆိုပါအသင်းပိုင်သားဖွားခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူ‌နေသော ကိုယ်ဝန်ဆောင်မိခင်များကို အားပေးစကားပြောကြားပြီး ၎င်းတို့အတွက် တစ်ဦးချင်းထောက်ပံ့ငွေနှင့်ဆီ၊ ကြက်ဥ၊ အာဟာမုန့်များနှင့် ဆေးဝါးများပေးအပ်ကာ ကျန်းမာရေးဝန်ထမ်းသားဖွားဆရာမများအတွက် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)