မိုးနဲမြို့နယ်၌ မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုး

မိုးနဲ  ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာနေပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အများဆုံးလုပ်ကိုင်လျက်ရှိပြီး သီးနှံစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံမိုးမြေပဲများကိုလည်း စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်ဆောင်‌ရွက်ပေးမှုနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ၊ မျိုးစေ့ထုတ်စံပြစိုက်ကွကိများကိုလည်း စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွက်မြေပဲ ဧက ၄၄၀ ကိုလျာထားပြီး ဧပြီလ နောက်ဆုံးပတ်မှ စတင်၍စိုက်ပျိုးလျက်ရှိရာ မျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧကအပါအဝင် ၃၄၅ ဧက စိုက်ပျိုးပြီး‌ဖြစ် ကြောင်း ၊မိုးမြေပဲကို ဧပြီလနှင့် မေလများတွင် စိုက်ပျိုးပြီး သုံးလခန့်အကြာတွင် နုတ်ယူခူးဆွတ်ရကြောင်း၊ တောင်သူများအနေဖြင့် ဒေသမျိုးရင်းများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ မိုးမြေပဲကို အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် ငွေကျပ်ခြောက်သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က မြေပဲအခြောက်တောင့်တင်း ၅၂ တင်းကျော်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများက မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ မိုးမြေပဲ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိသောကြောင့် ယခုနှစ်တွင် မိုးမြေပဲစိုက်ဧကများ လျာထားဧက ထက်ပိုမိုတိုးချဲ့ စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

   မျိုးညွန့်ရွှေ(ပြန်/ဆက်)