သတင်းများ

ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေး
Apr 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ထီးချိုင့်မြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Apr 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့တွင် ဘုရင့်နောင်ရပ်ကွက်ရှိကျောက်စေတီပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။
ကျောက်ဆည်မြို့နယ် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌  (၂)ထပ်ကျောင်းဆောင် အသစ်(၁)ဆောင် ဆောက်လုပ်ပေး
Apr 01,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ (၂)ထပ်ကျောင်းဆောင်အသစ် (၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နွေရာသီ အခြေခံ Physical Fitness Dance သင်တန်း ဆင်းပွဲနှင့် လူငယ်အသိ ပညာပေးဟော ပြောပွဲကျင်းပ
Apr 01,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Community Centre ခန်းမ၌ နွေရာသီ အခြေခံ Physical Fitness Dance သင်တန်း ဖွင့်လှစ်လျက်ရှိရာ မတ်လ ၃၁ ရက် နေ့က သင်တန်းဆင်းပွဲနှင့်လူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ရွှေတိဂုံစေတီတော်၌ အဆင့်မြင့်ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Apr 01,2023
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် အဆင့်မြင့် ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် စေတီတော်ရင်ပြင်အရှေ့ဘက်ရှိ ရေကြည်တော်ဝတ်အသင်းတန်ဆောင်း၌ ကျင်းပသည်။
ထန်းတပင်မြို့နယ်၌ နွေရာသီအားကစား အခြေခံသင်တန်းဆင်းပွဲကျင်းပ
Apr 01,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ထန်းတပင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစား အခြေခံသင်တန်းများကို ထန်းတပင်မြို့မ အားကစားကွင်း၊ အ.ထ.က(ရေစိုမငေးစု)နှင့် အ.ထ.က (အလိန်လည်)​ကျောင်းတို့တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး မတ်လ(၃၁)ရက်နေ့၊ ညနေပိုင်းကသင်တန်းဆင်းပွဲကို မြို့မအားကစား ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဆောင်းနေကြာစံကွက် ရိတ်သိမ်း‌နေမှုအား ကြည့်ရှုအားပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Apr 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာ၌ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းနေမှု အခြေအနေ အား ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်ရှု အားပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများနှင့် ဒေသဖွံ့ဖြိုးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။