ကွတ်ခိုင် မေ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဝင်းမော်ဦးက ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်ဆိုင်ရာများနှင့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာရန်ပုံငွေခွဲဝေရရှိမှုအခြေ အနေဖော်ပြချက်များ၊ ကွတ်ခိုင်ခရိုင်၏ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင်ဌာနအလိုက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေရရှိမှုအခြေအနေများ၊ ဒေသန္တရစီမံကိန်းကဏ္ဍအလိုက် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ရည်မှန်းချက်များ စသည်တို့ကို တက်ရောက်လာသောခရိုင်/ မြို့နယ်တာဝန်ရှိဌာနဆိုင်ရာများအား အကျယ်တဝင့်ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်မှ ဌာနဆိုင်ရာများအား ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို တာဝန်ပေးအပ်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစရှိသည့်ဌာနများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ချစ်မျိုးဦး(ကွတ်ခိုင်)