ကျိုက်ထို မေ ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ (၂၀၂၃)ခုနှစ်မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို တောင်သူများအား ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ ထုတ်ချေးပေးခဲ့သည်။
ယင်းသို့ထုတ်ချေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာဦးသန်းထွန်းက ကျိုက်ထိုမြို့နယ်အတွင်းထုတ်ချေးရန် တောင်သူ(၁၄၀၀)ဦးဖြစ်ပြီး တစ်ဧကလျှင်ငွေကျပ်(၁၅၀၀၀၀)ကျပ်နှုန်းဖြင့် လယ်ဧက(၉၀၀၀)အတွက် ငွေကျပ်သိန်း(၁၃၅၀၀)ကျပ်လျာထားခြင်းဖြစ်၍ အဆိုပါချေးငွေများအား (၂၀၂၄)ခုနှစ်ဧပြီလ(၃၀)ရက်နေ့တွင် ပြန်လည်ပေးဆပ်ရမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဘဏ်မန်နေဂျာဦးသန်းထွန်းနှင့်ဝန်ထမ်းများကစိစစ်၍ ယင်းနေ့တွင် တောင်သူ(၈)ဦးအား လယ်ဧက(၄၂)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ(၆၃၀၀.၀၀၀)ကျပ်အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)