မြို့သစ်မြို့ ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများ ဆိုင်တင်ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေး

မြို့သစ် မေ ၁၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ဆေးရောင်းချနေသည့် ဆေးဆိုင်များ၌ တရားမဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးဖြစ်သော Crestor 10 mg Tanlet (Rosuvastation 10 mg) (2507AA5687) နှင့်ပုံစံတူ ‌ဆေးများမှာ Hemas Mandalar Pharmace uticals Lts. မှ ဆေးဝါးမှတ်ပုံတင်ရရှိထားသော ဆေးဝါးများနှင့် Brand Name ဆင်တူ၍ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိဘဲ  English ဘာသာမဟုတ်သော အခြားဘာသာဖြင့် ဖော်ပြထားပြီး အရည်အသွေးအန္တရာယ်ကင်းရှင်းမှု အာမခံချက် လုံးဝမရှိသဖြင့် အဆိုပါဆေးများကို မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တင်သွင်းရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)