သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

သံတောင်ကြီး   မေ  ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်  အခြေခံပညာကျောင်းများတွင်   ၂၀၂၃-၂၀၂၄  ပညာသင်နှစ် ကျောင်းသူကျောင်းသားများ  စိတ်အေး ချမ်းသာစွာ  ပညာသင်ကြားနိုင်ရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌဦးဆန်းဗိုလ်၏ ဦးဆောင်မှု ဖြင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များမှဆရာတော်များ၊ ပရဟိတအဖွဲ့ များပူပေါင်း၍ ယနေ့နံနက်ပိုင်းတွင် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များက ကျောင်းပတ်ဝန်းကျင်ရှိ  အမှိုက်များ၊ မြက်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။         

နော်နော်မူ