ပျော်ဘွယ် မေ ၂၆
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာကျောင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လုပ်ငန်းများကို ကျောင်းအပ် နှံရေး သီတင်းပတ်ဖြစ်သည့် မေလ(၂၃)ရက်၊ နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင် အသက်(၅)နှစ်အရွယ် ကလေးများကို KG တွင် အပ်နှံပြီး အသက်(၆)နှစ်အရွယ်ကလေး များကို ပထမတန်း(Grade-1)တွင် အပ်နှံသွားရမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံမှု တွင် မည်သည့်အခကြေးငွေမှ ပေးသွင်းရန်မလိုဘဲ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိများကို အခမဲ့ ထုတ်ပေးသွားမည် ဖြစ်သည်။
ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၂၄၁) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၅) ကျောင်းတို့တွင် ကျောင်းအပ်လက်ခံခြင်းများကို ဇွန်လ(၁)ရက်နေ့မှ စတင်၍ ကျောင်းများ စတင်ဖွင့်လှစ်၍ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)