ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းသင့်ဒေသခံပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေး

ပုဏ္ဏားကျွန်း မေ ၂၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ မိုခါမုန်တိုင်းသင့်ဒေသခံပြည်သူများအား စားနပ် ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက နေအိမ်များလုံးဝပျက်စီးသွားသည့်ကျေးရွာ(၁၇)ရွာသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များက နေအိမ်လုံးဝပျက်စီးသွားသည့် ကျေးရွာ (၁၇)ရွာမှ အိမ်ထောင်စု(၃၇၅)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးနှင့် (၇)ရက်စာ ဆန်၊ ဆီ၊ ဆား၊ ငပိစသည့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)