ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ကျိုးပဲ့နေသည့် သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းရာသို့ ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မြောက်ဦး  မေ ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်ခံ  ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့်အတူ မြောက်ဦးမြို့ ကုန်သည်တန်းရပ်ကွက် နန်းတော်ရာကုန်း လမ်းဘေးဝဲယာရှိ မုန်တိုင်းဒဏ်ကြောင့် ကျိုးကျနေသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်နေမှုကို ယနေ့ နံနက် ၈ နာရီအချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်း ဒဏ်ကြောင့် ပြိုကျနေသည့် သစ်ပင်အိုကြီးများအား နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ မှ တပ်မ တော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ခုတ်ထွင်ရှင်းလင်း ခြင်း၊ လမ်းပိတ် ဆို့နေသည့် သစ်ကိုင်းများ  ရှင်းလင်းဖယ်ရှားခြင်း လမ်းဘေးဝဲယာခြုံနွယ်များနှင့်အမှိုက်များရှင်းလင်းခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော နန်းတော်ရာကုန်း ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရန်အတွက် စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေကြသူများအား ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့်အဖွဲ့မှ လိုက်လံစစ်ဆေးကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)