သတင်းများ

ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ စစ်ဆေးခြင်းများ ဆောင်ရွက်
Jul 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်း၊ မြို့မဈေးတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
မုံရွာမြို့၌ ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်
Jul 15,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီခွဲက မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူလေးများအတွက် သဘာဝဘေးအန္တရာယ် အသိပညာပြန့်ပွားရေး ဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ မီးဘေးအန္တရာယ် ကျရောက်လာပါက ဘေးအန္တရာယ်ကင်းစွာ မီးငြှိမ်းသတ်နိုင်ရေး လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ကွင်းဆင်းသရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဥ်ကြောလမ်းကြောများမပိတ်ဆို့စေရန် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Jul 15,2025
ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ယာဥ်ကြောများပိတ်ဆို့မှုမရှိစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေး​ခြင်းများကို ယနေ့နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)၊ အမှတ်(၈)အ.ထ.က ကျောင်းရှေ့တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။
ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး
Jul 15,2025
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်​နေ့အထိမ်းအမှတ် အသိပညာ​ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၁၅ရက်က  အ-မ-က ရသေ့ကုန်းနှင့်ဘုရားကုန်းကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်သည်။
မချမ်းဘောမြို့တွင် (၇၈)မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Jul 15,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။ 
လှိုင်သာယာ (အနောက်ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်
Jul 15,2025
ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ အပြောစွမ်းရည်များ မြင့်မားတိုးတက်စေရန်နှင့် စာဖတ်ရှိန်တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Communiity Centre) ခန်းမတွင် ပြုလုပ်သည်။
မြစ်ကြီးနားမြို့၌ နာနတ်သီးဈေးကွက် ဈေးကောင်းရရှိ
Jul 15,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရာသီအလိုက်သီးနှံများ ပေါ်ထွက်ရောင်းချလျက်ရှိရာ ယခုဇူလိုင်လတွင် နာနတ်သီးများ လှိုင်လှိုင်ပေါ်ထွက်လျက်ရှိပြီး ဈေးကောင်းရရှိကြောင်း သစ်သီးအ‌ရောင်းဆိုင်များမှ သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြော
Jul 15,2025
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၉) နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(ရွှေပြည်ရန်နိုင်)တွင် ကျင်းပခဲ့သည်။