သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်
Mar 06,2025
၂၀၂၅ ခုနစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်အပ်နှင်းသည့် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) တက်ရောက်
Mar 06,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) ကို မတ်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်နှင့်ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ငါးသိုင်းချောင်းမြို့တွင်အသက် (၇၀) နှင့်အထက်အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်
Mar 06,2025
ရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀) နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြစ်ကြီးနားမြို့၌ နွေရာသီအခြေခံအားကစားသင်တန်း ၂၀ မျိုး ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား/ကျောင်းသူ ၃၀၀၀ ကျော် တက်ရောက်လျက်ရှိ
Mar 06,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးကြံ့ခိုင်သည့် မျိုးဆက်သစ်များပေါ်ထွက်လာစေရန်၊ ဝါသနာပါရာ အားကစားနည်းများကို အခြေခံမှစ၍ စနစ်တကျသင်ကြားတက်မြောက်စေရန်နှင့် ပြည်နယ်၏ အားကစားအဆင့်အတန်းတိုးတက်မြှင့်မားလာစေ‌ရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်း ၂၀ မျိုးကို မြို့နယ်အတွင်းရှိ ဘောလုံးအားကစားကွင်းများ၊ မိုးလုံလေးလုံ အားကစားကွင်းများနှင့် သတ်မှတ်နေရာအသီးသီးတွင် မတ်လ ၁ ရက်နေ့က စတင်ဖွင့်လှစ် ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူ (၃၀၀၀) ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။
ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၁၁) ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်လျက်ရှိ
Mar 06,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိ နေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၁၁) ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့သည်။
မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ်ထင်ရှားလာစေရန် မြန်အောင်နေခြည်စျေးရှေ့တွင် မြန်မာ့သနပ်ခါး နံ့သာလိမ်းခြယ်ပွဲကျင်းပ
Mar 06,2025
မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ်ထင်ရှားလာစေရန် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ မြို့မနေခြည်စျေးရှေ့တွင် ယမန်နေ့နံနက်က မြန်မာ့သနပ်ခါး နံ့သာလိမ်းခြယ်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နာဂဒေသ၊ လဟယ်မြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့မှ ခရစ်ကတ် အားကစားသင်တန်းဖွင့်လှစ်
Mar 06,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့မှ ကြီးမှူးဖွင့်လှစ်‌သော အခြေခံခရစ်ကတ်သင်တန်းနှင့် နည်းပြ/ဒိုင်သင်တန်းဖွင့်ပွဲကို ယနေ့ ညနေ(၁၅)နာရီအချိန် မြို့နယ်ရွှေပြည်သာ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
လှည်းကူးမြို့နယ်တွင် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်
Mar 06,2025
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးခဲ့သည်။