နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိတ္ထီလာ ဇူလိုင် ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိတ္ထီလာမြို့သို့ လာရောက်သည့်ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များထပ်ဆင့်ရှင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက  မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်အကြီးအကဲခရီးစဉ်အတွင်း  MSMEs လုပ်ငန်းကဏ္ဍတွင် အသိအမှတ်ပြုချီးကျူးခဲ့ပြီး ဒေသထွက်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသည့်သိန်းမင်း အမှတ်တံဆိပ်ငရုတ်သီးမှုန့် လုပ်ငန်းရှင်နှင့် မိဘမေတ္တာဆန်စက်လုပ်ငန်းရှင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ နိုင်ငံတော်အကြီးအကဲခရီးစဉ်အတွင်း လမ်းညွှန်များကြားချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်များ နှင့် တက္ကသိုလ်များမှ တာဝန်ရှိသူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပရိုဂျက်တာဖြင့်ပြသရှင်းလင်းပြောကြားသည်။ ထို့နောက်သက်ဆိုင်ရာဌာနတာဝန်ရှိသူများက လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေများကို တင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းသာ