မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ကဆုန်လပြည့်နေ့ မကွေးမြသလွန်ဘုရားကွင်းတွင် ဆရာတော်သံဃာ/သီလရှင်အပါး (၁၂၀၀)ခန့်အား ဆွမ်းဆန်စိမ်းလောင်းလှူ
May 03,2023
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးမြသလွန်ဘုရားကွင်း၌ ဆရာတော်သံဃာအပါး (၁၂၀၀)ခန့်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်နှင့် မကွေး တပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များ၊ တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက် လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။