ကော့သောင်းမြို့တွင် (၂၄) ကြိမ်မြောက် မြန်မာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်) ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ

ကော့သောင်း ဒီဇင်ဘာ ၉

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်)တို့တွင်  ကော့သောင်း ခရိုင်မှ ဆုရရှိခဲ့ကြသူများအား  ခရိုင်နှင့် တိုင်းဒေသကြီးမှထပ်ဆင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ ညနေခင်းက ကော့သောင်းမြို့၊ မဉ္ဇူသက ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေ့ဦးစွာ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ဦးတည်ချက် (၄)ရပ်ချမှတ်ပြီး (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် (ဗဟိုအဆင့်)နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်အသီးသီး ခရိုင်အတွက် ဆွတ်ခူးရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များအားလုံးကို ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်)တွင် ကော့သောင်းခရိုင်မှ ဆုရရှိသူများအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအဖွဲ့နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဂုဏ်ပြုဆုနှင့် ဆုချီးမြှင့်ငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုညစာဖြင့် တည်းခင်းဧည့်ခံကျွေးမွေးခဲ့ကြပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ ဆုရရှိသူများက တူရိယာများ၊ အဆို၊ အကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)