သတင်းများ

မိုင်းခတ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်း‌ပေးခြင်းဆောင်ရွက်
May 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေကူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းများ တက်ရောက်နိုင်မည့် ပညာရေးလမ်းသွယ်များအကြောင်း ရှင်းလင်းဆွေးနွေး
May 05,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းများ တက်ရောက်နိုင်မည့် ပညာရေး လမ်းသွယ်များအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်း၍ Mask Campaign ဆောင်ရွက်
May 05,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက်က ပြုလုပ်ခဲ့ကြသည်။ 
စုကလိမြို့တွင် မိုးဦးကာလ သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး Talk Show ပြုလုပ်
May 05,2023
မြန်မာနိုင်ငံ ၏ မုတ်သုန်မိုးရာသီအစပိုင်းတွင် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်းနှင့် ဆောင်ရန်ရှောင်ရန်အချက်များအား အများပြည်သူများ သိရှိနိုင်ကြစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ လူထုအခြေပြုဗဟိုဌာန (Community centre) တွင် မိုးဦးကာလသဘာဝဘေးအန္တရာယ်များအကြောင်းအသိပညာပေး Talk Showအား ပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ
May 05,2023
ယနေ့ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် ( ၇၇ ) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားအား ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနား ကျင်းပ
May 05,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာနမှ (၇၇)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုဂုဏ်ပြုသောအားဖြင့်သံဃာတော်များအားနေ့ဆွမ်းလှူဒါန်း
May 05,2023
(၇၇)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင် တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်မိသားစုများက ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအားပင့်ဖိတ်၍ နေ့ဆွမ်းလှူဒါန်းခြင်း အခမ်း အနားကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးမှူး ရုံးခန်းအတွင်း ပြုလုပ်ကြောင်း သိရသည်။
တောင်ငူခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 05,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈:၃၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။