တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းဆိပ်ကမ်းရှိ တော်ဝင်ကွန်ကရစ်ဆိပ်ခံတံတား အကြီးစားပြုပြင်

ကော့သောင်း ဇူလိုင် ၁၆

တနင်္သာရီတိုင်းဒေသကြီး  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင်သည် လူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ကော့သောင်းဆိပ်ကမ်းရှိ တော်ဝင်ကွန်ကရစ်ဆိပ်ခံတံတား အကြီးစားပြုပြင် မွမ်းမံခြင်းလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဦးစွာကော့သောင်းမြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တော်ဝင်တံ တားပြင်ဆင်ရေးလုပ်ငန်းမှ တာဝန်ရှိသူ အာရုဏ်ဦးဆောက်လုပ်ရေးကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာဦးစည်သူမောင်က ကော့သောင်းဆိပ်ကမ်းရှိ တော်ဝင်ကွန်ကရစ်ဆိပ်ခံတံတား ပျက်စီးယိုယွင်းမှုအခြေအနေများ၊ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်နှင့် (၂‌၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်အတွင်း အကြီးစားပြုပြင်မွမ်းမံ‌ ဆောင်ရွက်မည့်လုပ်ငန်းအ‌ခြေအနေများနှင့်  ဒီဇိုင်းပုံစံများအား တာဝန်ရှိသူများကို  ရှင်းလင်းတင်ပြကြသည်။ ထို့နောက်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက တော်ဝင်ကွန်ကရစ်ဆိပ်ခံတံတား အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်းအား လှည့်လည်ကြည့်ရှု၍ တံတားပြင်ဆင်ရေးလုပ်ငန်းအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်မီးနှင် ရေချိုရရှိရေးလုပ်ငန်း ကိစ္စများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)