မိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်
Mar 05,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းထွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်နှင့်ပူးပေါင်း၍ မိုင်းတုံမြို့ပေါ်ရှိဈေးဆိုင်များသို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်စနစ်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဈေးဆိုင်တစ်ဆိုင်တွင်ထားရှိရမည့်ဆောင်ရန်ရှောင်ရန်ပစ္စည်းများနှင့် မီးသုံးစွဲမှုပုံစံ၊ မီးကြိုးများကောင်းမွန်မှုရှိမရှိ၊ ပလပ်ခုံများကောင်းမကောင်းအစရှိသည်တို့ကို စစ်ဆေးခြင်းနှင့်မီးဘေးအန္တရာယ်သတိပြုကာကွယ်နိုင်ရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။