ပေါင် ဇူလိုင် ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက (အမက)ဆံတိုက်ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်တင်ဇာစိုးက မိမိဘဝတိုးတက်မှုရရှိလာအောင်စာများများဖတ်ကြပါရန်၊ အရွယ်မရောက်သေးသည့် ကလေးငယ်များအား မတရားအလုပ်စေခိုင်းမှုမှကာကွယ်ရန်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ လူကုန်ကူးမှု၏ဆိုးကျိုးများကို ကျောင်းသား၊ ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန်ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်း ပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့်အသိပညာပေး နံရံကပ်စာစောင်များဓာတ်ပုံများကိုခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)