မော်လမြိုင်မြို့ တိုင်းရင်းသားယဉ်ကျေးမှုစင်တာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

မော်လမြိုင် ‌ဇူလိုင် ၁၆

မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မင်းရွာကျေးရွာရှိ တိုင်းရင်း သားယဉ်ကျေးမှုစင်တာ၌  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့  မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက မိုးရာသီတွင်စိုက်ပျိုးမည့် မဟော်ဂနီအပင်ကြီးအားစိုက်ပျိုးခဲ့ပြီး တက်ရောက်လာသော မွန်ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ မွန်ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးဌာန ခရိုင်မှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သတ်မှတ်နေရာများ၌ အရိပ်ရအပင်များ စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)