နတ်တလင်း ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၂၀၂၄)ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နတ်လင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်မှ ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး Book Clubအဖွဲ့ဥက္ကဋ္ဌ ဆရာဦးသန်းအောင်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများ လွတ်လပ်သောနိုင်ငံအဖြစ် စတင်ဖြစ်ပေါ်လာပုံ အကြောင်းအရာများအား အသိပညာပေးရှင်းလင်းပြောကြားပြီး ပန်းချီပြိုင်ပွဲကို စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး၊ Book Clubအဖွဲ့ဥက္ကဋ္ဌ ဆရာဦးသန်းအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)