မြန်အောင်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကျင်းပ

မြန်အောင် ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်က မြို့နယ်ပြန်/ဆက်ရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းထွန်း၊ မြန်အောင်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးတို့က လွတ်လပ်ရေးနေ့ နှစ်စဉ်ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် လွတ်လပ်ရေးအဓွန့်ရှည် ခိုင်မြဲရန် မျိုးဆက်သစ်လူငယ်များ၏ တာဝန်များအားဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး နံရံကပ်စာစောင်၊ ဓါတ်ပုံပြခန်းနှင့် သုတရသစာအုပ်စာစောင်များ င်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)