မိုးမောက်မြို့နယ် Community Centre ခန်းမ၌ လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုးမောက် ဇန်နဝါရီ ၃

မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကို ကျောင်းသားလူငယ်လူရွယ်များ  သိရှိတန်းဖိုးထားတတ်စေရန်နှင့် လွတ်လပ်ရေးနေ့သမိုင်းကြောင်းကိုသိရှိပြီး ချစ်မြတ်နိုးထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍  လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီ ၃ရက် နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဒေါ်လွန်းနန်းထွေးက စာဖတ်ခြင်းအကြောင်း အသိပညာပေးပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်သဲစုမိုးက လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးများ ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၃)မူလွန်ကြေးနန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး တက်ရောက်ခဲ့ပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးအနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်ဦးစီးမှူး