မြစ်သားမြို့နယ် ပြည်သူ့အားကစားကွင်းတွင် ကျောက်ဆည်ခရိုင် လူရည်ချွန် ကျန်းမာရေး စွမ်းရည်စစ်ဆေးမှု လူရည်ချွန်ရွေးချယ်ရေး အားကစားပြိုင်ပွဲ ကျင်းပ

မြစ်သား ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်ရှိ ပြည်သူ့အားကစားကွင်းတွင် ကျောက်ဆည်ခရိုင် လူရည်ချွန် ကျန်းမာရေးစွမ်းရည်စစ်ဆေးမှု အားကစားနည်းပြိုင်ပွဲ (၅) မျိုးကို ငါးဇွန်မြို့နယ်၊ တံတားဦးမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ် (၅) မြို့နယ်မှ ကျောင်းသား၊ကျောင်းသူများဖြင့် ယနေ့ နံနက်(၉)နာရီအချိန်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ငါးဇွန်မြို့နယ်၊ တံတားဦးမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ် (၅) မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ တစ်မြို့နယ်လျှင် Grade-9 မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူ  (၈)ဦးစီ စုစုပေါင်း (၄၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ကျောက်ဆည်ခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်၊ မြစ်သားမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးကျော်ဟန်၊ ကျောက်ဆည်ခရိုင် ပညာရေးမှူးရုံး (အား/ကာ)မှ ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးနှင့် ဒုတိယဦးစီးမှူး ဦးကျော်နိုင်စိုး၊ မြစ်သားမြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဟန်စိုးနှင့် ကာယဆရာ၊ဆရာမများမှ အနီးကပ်ကြီးကြပ်ပြီး မီတာ(၁၀၀) ကျား/မ ပြိုင်ပွဲတွင် မ မီတာ (၄၀၀)၊ ကျားမီတာ (၈၀၀) အပြေးပြိုင်ပွဲ၊ လက်ထောက်-တွဲတင် ကျား/မပြိုင်ပွဲ အိပ်-ထောက်မတင် ကျား/မပြိုင်ပွဲ၊ ရပ်လျက်ခုံ ခုံပြိုင်ပွဲ ပြိုင်ပွဲစုစုပေါင်း (၅) မျိုးကို ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)