သတင်းများ

ရေဖြူ၌ ကွမ်းသီးခွံ စွန့်ပစ်ပစ္စည်းမှကုန်ကြမ်းပစ္စည်းအဖြစ်‌ အရောင်းအဝယ်ဖြစ်လာ
Jan 15,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကွမ်းသီးပင်စိုက်ပျိုးခြင်း၊ အလုံးအခြောက်ရောင်းဝယ်ခြင်းကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြသည်။
ရွှေတောင်မြို့နယ် ၂၀၂၃- ၂၀၂၄ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 15,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်း၊ ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃- ၂၀၂၄ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပခဲ့သည်။
ကျိုင်းတုံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား ကျင်းပ
Jan 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်း ခေမရဋ္ဌ်ခန်းမတွင် ကျင်းပသည်။
မဟာအောင်မြေမြို့နယ်၌ မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင်ပန်းဝင် အကြိုစာမေးပွဲကျင်းပ
Jan 15,2024
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင်ပန်းဝင်အကြိုစာမေးပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ် ကော့လှကျေးရွာကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတားတည်ဆောက် ခြင်းလုပ်ငန်း ၆၅ ရာခိုင်နှုန်းပြီးစီး
Jan 15,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကော့လှကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတားကို တည်ဆောက်ခဲ့ရာ ယခုအခါ ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းနှစ်ဆုံးစာမေးပွဲဖြေဆို
Jan 15,2024
ကရင်ပြည်နယ်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာ စေရန်ရည်ရွယ်၍ ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရာ ယမန်နေ့က ဓမ္မစကူးလ်နှစ်ဆုံးစာမေးပွဲကို ဖြေဆိုခဲ့ကြသည်။
ကြံခင်းမြို့နယ်၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ
Jan 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ အောင်ကျော်ခန်းမတွင် ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှအသက် (၅၀) နှစ်အထက် ဝန်ထမ်းများနှင့် အသက် (၆၅) နှစ်အထက် ပြည်သူများအား Pfizer (30) ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ
Jan 15,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရွှေတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အသက် (၅၀)နှစ်အထက် ဝန်ထမ်းများနှင့် အသက် (၆၅)နှစ်အထက် ပြည်သူများအား Pfizer (30) ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံလျှက်ရှိကြောင်း သိရသည်။