ကြံခင်း ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ အောင်ကျော်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက "ကမ္ဘာ့အဆင့်မီ ပညာရေး" သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးကဏ္ဍသည် များစွာအရေးကြီးပါကြောင်း၊ အသိပညာ၊ အတတ်ပညာများဖြင့် ပြည့်စုံပြီး ဘက်စုံထူးချွန်သော ကျောင်းသားလူငယ်များစွာ ပေါ်ထွက်လာစေရေးအတွက် အဘက်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်သလို ကျောင်းသား/သူများအနေဖြင့်လည်း ပိုမို ကြိုးစားပေးကြဖို့ ပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။
ထို့နောက် (၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ရာ တိုင်းအဆင့် National ICD Award (2023)ဆုရ ဆရာမကြီး (၃)ဦးနှင့် ဂျပန်နိုင်ငံ (SSHP) လေ့လာရေးခရီး ထူးချွန်ဆုရရှိသူ (G-11)ကျောင်းသူ မနန်းစံပယ်ဖြူအားလည်းကောင်း၊ ဗဟိုအဆင့်၊ တိုင်းအဆင့် အားကစားပြိုင်ပွဲနှင့် သင်္ချာ၊ အင်္ဂလိပ်စာဘာသာ စွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား/သူ(၈)ဦးအားလည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် အကောင်းဆုံး(၆)ကျောင်းမှ ဆရာကြီး၊ ဆရာမကြီးများအားလည်းကောင်း၊ ခရိုင်အဆင့် ကာယပြိုင်ပွဲ တွင် ဆုရရှိသော ကျောင်းသား/သူ(၁၀)ဦးနှင့် မြို့နယ်အဆင့် ဉာဏပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူ(၄၄)ဦးအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးအပ်ကြ သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြကြောင်းနှင့် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူများက "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့် သီဆိုကာအခမ်းအနားပြီးမြောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)