ရွှေတောင် ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရွှေတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အသက် (၅၀)နှစ်အထက် ဝန်ထမ်းများနှင့် အသက် (၆၅)နှစ်အထက် ပြည်သူများအား Pfizer (30) ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံလျှက်ရှိကြောင်း သိရသည်။
အဆိုပါ Pfizer ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Doses) ထိုးနှံမှုအား ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးသန့်မှ Pfizer (30) ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ အကျယ်တဝင့်ချပြရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အသက် (၅၀) နှစ်အထက် နိုင်ငံ့ဝန်ထမ်း (၃၃)ဦးနှင့် အသက် (၆၅) နှစ်အထက် ဒေသခံပြည်သူ (၄၄)ဦး၊ စုစုပေါင်း (၇၇)ဦးတို့အား ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Doses) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)